Pages

Popular

လူထဲက တကယ့်လူ.....

Thursday, June 14, 2012

                     နေ့လောကကြီးထဲမှာတကယ့်လူလို့ခေါ်လောက်တဲ့သူတွေရှိကြပါတယ်။သူတို့ဟာကမ္ဘာ့မြေပေါ်မြေအောက်သယံ
ဇာတတွေ၊သစ်ပင်၊ပန်းပင်တွေ၊ကုန်းနေ ရေနေသတ္တ၀ါတွေအစကမ္ဘာ့ပြင်ပကဂြိုလ်တွေမကျန်စူးစမ်းလေ့လာဖော်
ထုတ်ပြီးကမ္ဘာကို ပြောပြနိုင်ကြပါတယ်။ဒါပေမယ့်ပတ်ဝန်းကျင်ကိုစူးစမ်းရှာဖွေနိုင်သူတွေဟာကိုယ့်ကိုရောအတွင်းကျ
ကျရှာဖွေနားလည်ကြပါရဲ့လား?ဒီစကြာဝဠာကြီးထဲမှာလူရဲ့အကြောင်းကအနက်နဲဆုံး၊စိတ်ဝင်စားစရာအကောင်း
ဆုံးပါပဲ။မိမိကိုယ်ကိုအရှိကိုအရှိအတိုင်း မြင်နိုင်နားလည်သူဟာလူထဲကတကယ့်လူပါ။စားဝတ်နေရေးပြေလည်
ပြီးလူတန်းစေ့နေနိုင်သူကိုမှလူပီသတယ်လို့တစ်ချို့ကဆိုပါတယ်။ဒါပေမဲ့ပစ္စည်းဥစ္စာပြီးပြည့်စုံလျက်နဲ့ဘ၀မှာ
 အဓိပ္ပါယ်မဲ့သလိုခံစားနေရသူတွေအများကြီးပါ။တစ်ချို့ကလူ့သမိုင်းကြောင်းမှာလူ့အကျိုးအတွက်တစ်ခုခုလုပ်နိုင် ရင်လူပီသတယ်လို့ပြောကြတယ်။ဒါပေမဲ့လူတွအာလုံးကလုပ်နိုင်ပါ့မလား၊တစ်ချို့ကလူဟာမျောက်ကဆင်းသက်
လာလို့တိရစ္ဆာန်သာသာပါဘဲတဲ့၊ဒီအဆိုမှန်ရင်တော့လူဟာယဉ်ကျေးမှုနဲ့ဘာသာတရားမလိုတော့ပါဘူး။တိရစ္ဆာန်
ဟာစားဖို့၊အိပ်ဖို့ဘဲသိပါတယ်။                     
       ဒီကမ္ဘာကြီးကိုကြည့်ပါ.. မြေကြီးရယ်၊အပင်တွေရယ်၊တိရိစ္ဆာန်တွေရယ်၊လူတွေရယ်လို့တွေ့နေရပါတယ်။
မြေကြီးဟာအပင်တွေရှင်သန်ဖို့၊အပင်ကလေးတွေကတိရိစ္ဆာန်ကလည်းလူတွေမှီဝဲစားသုံးဖို့ရှိနေရတယ်။သူတို့
မှာရည်ရွယ်ချက်တွေနဲ့ပါ၊ဒါဆိုရင်လူကဘာအတွက်ကြောင့်ရှိနေရတာလ၊ဲလူဆိုတာစားဖို့ရှင်နေတာမဟုတ်၊ရှင်ဖို့
စားနေရပါတယ်လို့ဆင်ခြင်ဥာဏ်ရှိသူတိုင်းဆိုပါလိမ့်မယ်။ဒါကြောင့်စားဝတ်နေရေးဟာလူ့ဘ၀ရဲ့ပန်းတိုင်မဟုတ်ပြန်ဘူး။
ဒါအပြင်လူဟာသေမျိုးဖြစ်လို့တစ်ချိန်မှာမုချသေရမယ်။ဒါဆိုရင်သေဖို့ရှင်နေတာလို့ပြောမလား.သေဖို့ရှင်နေတာ
မှန်ရင်တော့ သေချိန်ကို စောင့်နေရတာထက်အခုချက်ခြင်းသေရင်ပိုမကောင်းဘူးလား၊ဒါတွေလည်းအဖြေမှန်
မဟုတ်ပြန်ဘူး။တမလွန်ရှိတာလူတိုင်းယုံကြတယ်။တမလွန်မှာဘာတွေဖြစ်မှာလည်း၊တစ်ချို့က သေမှသိမယ်
တဲ့၊တစ်ချို့ကကိုယ့်အပေါ်မူတည်တယ်တဲ့၊ ကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်၊မကောင်းတာလုပ်ရင်
မကောင်းရာကိုရောက်မယ်တဲ့၊အဖြေတွေကအမျိုးမျိုးပါဘဲ၊ဒါပေမဲ့သေမှာကြောက်တာရယ်၊သေပြီးဘယ်သွားမယ်
ဆိုတာတိတိကျကျမပြောနိုင်တာရယ်ကတော့လူအားလုံးမှာအတူတူပါပဲ။
Continue Reading | comments

နင်လားဟဲ့ အပြစ် .....

Monday, June 11, 2012

       အပြစ်ရှိတယ် မရှိဘူးဆိုတာတွေကို သူများတွေပြောတာ ကြားလည်းကြားခဲ့ဖူးပါရဲ့။ကိုယ်ကသူများကို
 ပြောလည်း ပြောခဲ့ဖူးပါရဲ့။ ကိုယ့်ကို ပြောလာတာလည်း ခံခဲ့ဖူးပါရဲ့ဗျာ။ ကလေးတုန်းကလည်းကလေးမို့လို့၊
လူငယ်တော့လည်းလူငယ်မို့၊လူကြီးဖြစ်လာ တော့လည်းလူကြီးဖြစ်လာလို့ဒီစကားတွေနဲ့မကင်းနိုင်ပေါင်ဗျာ။ 
ဒါပေမယ့် နေပါအုံး ဒီအပြစ် ဆိုတဲ့စကားကြီးကဘာကြီးတုန်း။အကုသိုလ်လို့ဆိုရမလား၊မကောင်းမှုလို့ ပြော
ရမလား။ မတရားမှုလို့ပဲ သတ်မှတ်ရ မလား။ အဓမ္မမှုလို့ပဲကင်ပွန်းတပ်ရမလား။ဒါမှမဟုတ်ရင်အမှားလို့ပြော
မလား။ ဒါမှမဟုတ် အဆိုးလို့ဆိုမလား။ မမှားဘူး ထင်ပါရဲ့။ ဒါပေမယ့်အပြစ်ဆိုတဲ့စကားကိုပဲလွယ်လွယ်သုံး
ကြပါစို့။ အပြစ်ရှိတယ်၊ မရှိဘူး၊ ပြောတဲ့အခါ ကျွန်တော်စဉ်းစား မိတာတစ်ခုရှိတယ်။ အဲ့ဒါက အပြစ်ရှိမရှိကို ချိန်ထိုးတဲ့ စံနှုန်း၊ ဒါမှမဟုတ် ဥပဒေစည်းကမ်းတစ်ခုရှိတယ်ဆိုတာကိုပေါ့။ ကျောင်းသားတစ်ယောက်အပြစ်
ရှိတယ်လို့ပြောဖို့ချိန်ထိုးသတ်မှတ်တဲ့ ကျောင်းစည်းကမ်းရှိရမယ်။ဝန်ထမ်းတစ် ယောက်အပြစ်ရှိတယ်လို့ပြော
ဖို့ဌာနစည်ကမ်းရှိရယ်။ထို့အတူကုမ္ပဏီစည်းကမ်း၊ရပ်ရွာစည်းကမ်း၊ နိုင်ငံဥပဒေ များ၊ စသဖြင့် ရှိရမယ်။ ဒီလို
စည်းကမ်းဥပဒေတွေ မရှိဘဲနဲ့ အပြစ်ရှိတယ်လို့ သတ်မှတ်ဖို့ မဖြစ်ဘူး မဟုတ်လားဗျာ။ ဒါတင်ဘယ်က အုံးမလဲ.. အပြစ်ရှိတယ်ဆိုတာကို သက်သေပြနေတဲ့ လက္ခဏာတွေလည်း ရှိရအုံးမယ်။ သက်သေ မရှိဘဲနဲ့
 အပြစ်ရှိတယ်လို့ ဘယ့်နှယ်ပြောလို့ရမှာတုန်း။ ဟုတ်တယ်နော်။ ဆေးခန်းကိုလာတဲ့လူနာက ဘာရောဂါဖြစ်
လို့ ညာရောဂါဖြစ်လို့ ပြောတဲ့အခါဆရာဝန်ကမျက်လုံးဖြဲကြည့်ရတယ်လေ။ပါးစပ်၊လျှာကိုကြည့်ရတယ်လေ။
 အခုတော့ ပိုပြီးတိကျအောင် ဓါတ်မှန်တွေ ဘာတွေရိုက်၊ သွေးတွေစစ်ကြည့်ရတယ်မဟုတ်လား။လက္ခဏာ
သက်သေတွေ ကြည့်ပြီးမှ ကွက်တိပြောရတယ်ဗျ။ ဒီတော့ အပြစ်ရှိ တယ်လို့ပြောတဲ့အခါ အပြစ်လုပ်ထား
ကြောင်း လက္ခဏာသက်သေ ရှိရမှာပေါ့။ ဒါနဲ့မပြီးသေးဘူးဗျ။အပြစ်ရှိတဲ့သူကိုဘာအပြစ်ဒဏ်ကျခံသင့်သလဲ
ဆိုတာ ရှိသေးတယ်။အပြစ်လုပ်မှတော့အပြစ်ရဲ့အဖိုးအခခံရမှာပေါ့ဗျာ။ဒီနေ့ထောင် တွေရှိနေတာဒါ့အတွက်
မဟုတ် လား။ ဒါကြောင့်တရားရုံးမှာ တရားသူကြီးက တရားခံကို အပြစ်ထင်ရှားလို့ ပြစ်ဒဏ်ချနေ ပုံလေးကို မျက်စိထဲမြင်ကြည့်လိုက်ပါ။ ဥပဒေ ပုဒ်မ ဘယ်ရွေ့ဘယ်မျှနဲ့ ညှိစွန်းကြောင်းသက်သေထင်ရှားတဲ့အတွက် တရားခံမောင်ဖြူ၊ မောင်ဝါ ထောင်ဒဏ်မည်မျှကျခံစေပေါ့။ ဒါနဲ့ဘာဆိုင်လို့ဒါတွေပြောနေတာလဲလို့မိတ်ဆွေ
 မေးချင်မေး မှာပါ။ ကျွန်တော်ပြောချင်တာက ဒီလို.................
       ကျွန်တော်တို့လူသားတွေအားလုံးဟာလူ့ဘောင်လောကမှာအားလုံးလိုက်နာကြရမယ့်လူ့ဥပဒေကြီးကို
 ချိုးဖောက် တဲ့အပြစ် ရှိနေကြတယ်။ အပြစ်ရှိကြောင်းလက္ခဏာတွေကလည်း အလွန်ထင်ရှားနေကြတယ်။
 ဒါကြောင့် အပြစ်ရဲ့အဖိုးအခ အပြစ်ဒဏ်ကိုလည်းခံဖို့ရှိနေကြတယ်။နားမရှုပ်သွားပါနဲ့ဗျာ။ဒီလိုပါ။လူ့လောက
မှာ လူတွေအားလုံးက လိုက်နာရမယ်လို့တညီတညွတ်တည်းလက်ခံထာားကတဲ့လူ့ဥပဒေကြီးတစ်ခုရှိတယ်။
 အဲ့ဒီဥပဒေက လူမျိုး၊ ဘာသာနဲ့မဆိုင်ဘူး။ယဉ်ကျေးမှုနဲ့မပတ်သက်ဘူး။ကမ္ဘာ့လူသားမှန်သမျှနဲ့ပတ်သက်
နေတဲ့ လူ့ဥပဒေဖြစ်တယ။ ဒီဥပဒေက နာမည်မရှိဘူး။ ခေါင်းစဉ် တပ်မရဘူး။ ဒါပေမယ့် မုချရှိနေတယ်။အဲ့ဒီ
 ဥပဒေက တခြားဟုတ်ရိုးလား။ တကိုယ်ကောင်းမဆန်ရ၊ အတ္တမာနမရှိရ၊ ဥပဒေပဲ ဖြစ်တယ်ဗျ။ လောကမှာ အရက် သမား၊ ဖဲသမား၊ ဘိန်းစား၊ သူခိုး၊ ဓါးပြ၊ လူမိုက် ဆိုတာ သူတို့အချင်းချင်းတော့ သိပ်စည်းလုံးပြီး ချစ်ကြတာ။ သူတော်ချင်းချင်း သတင်း လွေ့လွေ့ဆိုသလိုအတူနေလို့ရသဗျ။အချင်းချင်းအပေါ်သည်းခံမှခံပဲ။
 ဖဲသမားချင်း ပိုက်ဆံချေးဖို့ သိပ်လွယ်။ ဒါပေမယ့်တကိုယ် ကောင်းဆန်တဲ့သူ၊အတ္တမာနကြီးသူများမှာ နှစ်
ယောက်နေလို့တောင်မရဘူးဗျ။ ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင်အောင်းလို့ မဖြစ် ဘူးဗျာ။ ဒါကြောင့် တကိုယ်
ကောင်း ဆန်တဲ့သူ၊ ကိုယ့်ဘို့ပဲကြည့်သူကို ဘယ်လူ့ဘောင်အဖွဲ့အစည်းကမှလက်ခံလေ့မရှိဘူး။ နှာခေါင်းရှုံ့
ကြသဗျ။ ကိုင်း... အခုမှပဲ ကျွန်တော်ပြောချင်တဲ့ဆီရောက်တော့တယ်။ မိတ်ဆွေက အရက်တွေ၊ ဘိန်းတွေ၊ ဖဲတွေထားလို့ကွမ်းယာ ဆေးလိပ်တောင် မြည်းစမ်းဖူးမယ်လို့မထင်ဘူးဗျ။ဒါပေမယ့်အတ္တကြီးဖူးတယ်မဟုတ်
လား။ တကိုယ်ကောင်းစိတ်လည်းရှိဖူး တယ်မဟုတ်လားဗျာ။ လိုရင်းရှာတော့ ကိုယ်ချင်းစာဆိုတာ ကိုယ်က သူ့နေရာမှာနေပြီး ၊ခံစားပေးတာ မဟုတ်လား။ သူ့နေရာမှာ ငါဆို ရင်ငါကောခံနိုင်ပါ့မလား ဆိုပြီးတော့ပေါ့။ လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ။ ဒီကနေ့ အတ္တနဲ့ ပရ မျှရမယ်။ ဘာညာဆိုတာ  ကြည့်ကောင်းအောင်
ပြောကြရတာ။ တစ်ကယ်တော့ တကိုယ်ကောင်းစိတ်၊ အတ္တစိတ်ဆိုတာ လုံးလုံးပယ်ရမှာ ဖြစ်တယ်။ဒါမှသာ
 အပြစ်ကင်းမှာ၊ အကုသိုလ်ကင်းမှာ၊ မတရားမှု၊ ဆိုးညစ်မှု၊ မှားယွင်းမှု ကင်းမှာပေါ့။ ဒီကနေ့ အဓမ္မအမှုတွေ၊ ကံသုံးပါးကျူးမှုတွေဟာ ငါ ဆိုတဲ့ အတ္တအပေါ်မှီပြီး ဖြစ်တာမဟုတ်လား။ ငါလိုချင်တယ်။ ငါရချင်တယ်။ ငါ 
 ဖြစ်ချင်တယ်။ ငါခံစားချင်တယ်။ ဆိုတော့ ငါတွေ ဆုံးပါအုံးတော့မလား။ ဒါတွေကို ဖြည့်ဆည်းဖို့လူတွေလုပ်
ကြ၊ ကျင့်ကြ၊ကျိုးစားရုန်းကန်နေကြတာကိုဘ၀လို့ ခေါ်ကြတာပဲမဟုတ်လားဗျာ။တကိုယ်ကောင်းစိတ်၊အတ္တ
သဘောတွေကြောင့် အိမ်ထောင်မှာမသာယာဘူး။ ဒါကြောင့် လင်နဲ့မယား လျှာနဲ့သွားလို့ ဆိုကြတာမဟုတ်
လား။ သားရေးသမီးရေးကော ပြေလို့လားဗျာ။ ကျွန်ယုံတစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်းမဟုတ်လား။ လူမှုရေး ကျတော့ကော သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါတဲ့။တကယ်တော့သူတော်ကောင်းဆိုတာသူတော်မှ
ကိုယ်ကောင်းရတာမျိုးမဟုတ်ဘူး လေ။သူမတော်ရင်လည်းကိုယ်ကကောင်းရမှာ။ဘာသာရေးကျတော့ကော
 အိုကေလို့လား။ သဒ္ဒါလွန်းဆွန်းတော်တော်ရပ်တယ် တဲ့။ကိုယ့်အိမ်မှာအလှူခံလာရင်တစ်ခါတစ်လေဆိုရင်
 သဒ္ဒါသေး တယ်။ ကိုယ်ကထည့်မှန်းသိလို့ ခဏခဏအလှူရပ်လာရင် ကျွဲမြီးတို လာတယ်မဟုတ်လား။ ၀န်ခံပါဗျ။ ကိုယ်တွေ့မို့ပါ။ လှူတဲ့တန်းတဲ့အခါ စားကြသောက်ကြနဲ့သဒ္ဒါကြည်လင်ပေမယ်ကျွတ်ကျွတ်အိပ်နဲ့
 အိမ်ကိုထည့်ယူသွားရင်တော့ အလှူရှင်စိတ်ဆိုးလာတယ် မဟုတ်လား။ ၀န်ခံပါ။ ဒါလည်းကိုယ်တွေ့ပါ။ စီးပွါးရေးကျတော့ကော သူ့ဘက်ကိုယ့်ဘက်တကယ်ကြည့်ကြလို့လား။ဘယ်သူသေသေငတေမာရင်ပြီးရော
တဲ့။ တကယ်တမ်း စီးပွါးလုပ်လာပြီးဆိုရင် ဘယ်သူ မှအရှုံးမခံကြဘူး။ စားသုံးသူဘက် နည်းနည်းမှမကြည့်
ပေးကြတော့ပါဘူး။ စစ်ရေးစစ်ရာကျတော့ရော ကမ္ဘာမီးလောင် သားကောင်ချ နင်းပါဗျာ။ တကယ်ဖြစ်ပြီဆို မကောင်းသူထိပ်၊ ကောင်းသူထိပ်ပဲ။အုပ်ချုပ်ရေးမှာကော...?။လူညီရင်ဤကိုကျွဲလို့ဖတ်ကြသဗျ။ဥပဒေ ပြဌာန်း
တာလည်းဒီလူတွေပဲ။ ဖျက်တာလည်းဒီလူတွေပဲ။ တရားစီရင်ရေး ကျတော့ ကောဒီလိုပဲ။ဒမသတ်တရားရှိပါ
ငြားလည်း တိမ်း ပါးငဲ့ကွက် လက်ဆောင်ဖျက်သတဲ့။ ဒါကြောင့် ငွေများတရားနိုင်လို့ဆိုကြတယ်မဟုတ်လား
ဗျ။ တကယ်တော့ တကိုယ်ကောင်းစိတ်လုံး လုံးစွန့်နိုင်သူ။အတ္တလုံးဝကင်းသူအတွက်ဘယ်ဘာသာတရားမျှ
 မလိုပါဘူး။အခုပြောခဲ့တဲ့လက္ခဏာသက်သေတွေကိုကြည့်ရင် လောကမှာဘယ်လူသားတစ်ဦးတစ်ယောက်
ကမျှ လူ့ဥပဒေသကြီးကို တင်းပြည့်ကျပ်ပြည့် မလိုက်နာနေဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို မိတ်ဆွေဝန်ခံ
ရမှာဖြစ်သလို၊ကျွန်တော်ကလည်းလုံး၀၀န်ခံထားပါတယ်ဗျာ။ဒီကနေ့ကျွန်တော်တို့လူတွေကတကိုယ်ကောင်း
 ဆန်တာ၊အတ္တကြီးတာမကောင်းမှန်းသိတယ်။မကောင်းဘူးလို့လည်း ပြောကြတယ်။သူများကိုလည်းသင်ပေး
ကြတယ်။ လူဆိုတာ သူများကမာနကြီးရင်၊အတ္တကြီးရင်မကောင်းဘူးလို့လက်ညိုးထိုးတတ်ပေမယ့်ကိုယ့်ကို
သူများက ထောက်လာ ရင်တော့ ဟိုလိုဖြစ်လို့၊ ဒီလိုဖြစ်လို့ ဆိုပြီး ခေါင်းရှောင်ကြတယ်။ တာဝန်မယူကြဘူး။ တခြားသူကိုဖြစ်စေ၊ အခြေနေ တစ်ခုခုကိုဖြစ်စေ လွဲချကြတယ်။ ဒါကို မိတ်ဆွေ မငြင်းပါနဲ့။ကျွန်တော်လည်း
 အငြင်းပါဘူး။ ကိုယ်တွေ့မဟုတ်လားဗျာ။
          ဒီတော့ ပြောချင်တာက မိတ်ဆွေရော၊ ကျွန်တော်ရော လူ့ဥပဒေသကြီးကိုဖောက်နေကြတယ်။ဒီအ
တွက် လက္ခဏာတွေက လည်း စာဖွဲ့လို့မကုန်နိုင်ဖြစ်နေပါတယ်။ဒီအတွက်လူတိုင်းဟာတကိုယ်ကောင်းစိတ်
နှလုံးကင်းဖို့၊ အတ္တလုံးလုံးကင်းဖို့ ပျက်ကွက်မှုဆိုတဲ့အပြည်ပြည်ဆိုင်ရာရာဇ၀တ်မှုကြီးကြောင့်ဓမ္မလို့ခေါ်တဲ့ 
အပြည်ပြည်ဆိုင်ရာ တရားသူကြီးကပေးမယ့်  အပြစ်ဒဏ်အကျိုးဆက်ကိုခံ ဖို့ရာနှုန်းပြည့်သေချာနေပါပြီ။ 
ဒါကို ဘယ်လိုသိနိုင်ပါ့မတုန်း။ ဒါကို စဉ်းစားကြည့်တော့ လူမှန်ရင်သေရမှာကို ကြောက်တယ်။ သေတယ်
 ဆိုတာ ဘာကြီးလဲလို့မေးတော့ဘယ်သူမှမသိကြဘူး။သွားလေသူများရဲ့အသက်ထွက်တာကို မြင်ဖူး၊ကြုံဖူး
ပါရဲ့။ သေတာကမခက်ပါဘူး။ ကြလည်းမကြာပါဘူး။ လက်ဖြောက် တချက်၊မျက်စိတမှိတ်အတွင်း ဖြစ်သွား၊
 ပြီးသွားနိုင်တဲ့ကိစ္စ။တကယ်တော့လူတွေ သေရမှာ ကြောက်တယ်ဆိုတာ သေပြီးကြုံရမယ့်ဘ၀ကို ကြောက်
တာလို့ ဆိုနိုင်ပါတယ်။ မြို့လယ်ခေါင်က မီးပွိုင့်တွေမှာ မီးနီပြရင် ကားတွေက ရပ်ရ တာပါပဲ။ မီးနီက ဘာမှ လာမလုပ်ဘူး။ တကယ်တော့ မီးနီရင်ကားတွေရပ်တာဟာ မီးနီဖြတ်ရင်ကြုံရမယ့် ဒဏ်ကိုကြောက် လို့ပါပဲ။
ဒီလိုပဲလူတွေသေရမှာကြောက်တာက သေပြီးရင်ရင်ဆိုင်ရမယ့်ဘာမှန်းမသိတာကြီးကို ကြောက်တာဖြစ်တယ်။ သေပြီးရင်ဆိုင်ရမှာက အကောင်းနဲ့အဆိုး နှစ်ခုတည်းပါပဲ။ ကောင်းတာလုပ်ကောင်းတာဖြစ်၊ မကောင်းတာဖြစ် နိယာမအရ ဆိုရင်
မကောင်းတာကပိုပြီးသေချာ နေပါတယ်။ ဒါဆို သေပြီးနောက်ဘ၀က မကောင်းတာ မြေကြီးလက်ခတ်မလွဲ
ပါပဲ။ ဒါကြောင့် လူတွေဟာ မကောင်းတာကိုကြုံမှာ ကြောက်ပြီးသေရမှာကို ကြောက်နေတယ်လို့ပြောရင် ယုတ္တိရှိတယ်။ ဒါဆိုရင် ဒီဒုက္ခထဲက လွတ်အောင်ဘယ်လိုများ လုပ်ကြမလဲ? ဒါကိုစဉ်းစားပြီးအဖြေရှာကြပါစို့
          ဒါန၊ သီလ၊ဘာဝနာ။ဒါနဆို ပေးကမ်းခြင်း၊ကုသိုလ်ပေါ့။အကုသိုလ်ကိုကုသိုလ်နဲ့ ချေမယ်၊ထေမယ်။ 
သင်္ချာ နည်းနဲ့ပေါ့။ ဖြစ်မလား၊ မသေချာဘူး။ ဘာကြောင့်ဆို အရေအတွက်တူပေမယ့်အရည်အသွေးကမတူ
ကြလေဘူး။ လူတွေက ကုသိုလ်ကို ကြောက်လို့ လုပ်တာ။ ဒါမလုပ်ရင် မဖြစ်တဲ့အနေန့လုပ်တာ။အကုသိုလ်
ကျတော့ ကြိုက်လို့ လုပ်တာ။ စိတ်ထဲကကျေကျေနပ်နပ်နဲ့ လုပ်တာ။ ဒါဖြင့် သီလကျတော့ ကော။ သီလဆို
တော့ ဆောင်ရန်နဲ့ ရှောင်ရန် ဖြစ်တယ်။ သီလနည်းနဲ့ဆိုရင်တော့အခက်ခဲနှစ်ခုရှိတယ်။ပထမတစ်ခုကသီလ
ဆိုရင် အားလုံးကိုထိန်းဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုကျိုးရင်အားလုံးကျိုးလို့ပါ။ဒီနေ့လူတွေထင်
ထားတာက ငါးပါး သီလမှာတစ်ပါးကျိုးရင် လေးပါးတော့ကျန်သေးတယ်လို့ထင်ကြတယ်။မုသာဝါဒကလွဲပြီး
 ကျန်တာထိန်တယ်ဆိုတဲ့သူမှာ ဘာများကျန် မလဲ? အကုန်ကုန်ပြီပဲ မဟုတ်ဘူးလား။ တစ်ကယ်တော့သီလ
ဟာအရေအတွက်များပေမယ့် တစ်လုံးတစ်ဝသဘောဆောင်တယ်။ သီလဆိုတာတစ်ပါးနဲ့တစ်ပါးဆက်နွယ်
ချိတ်ဆက်နေတာ ဖြစ်တယ်။ သီခြားစွာလွတ်ကင်းနေတာ မဟုတ် ဘူး။ သီးခြားစီ ကင်းလွတ်ပြီး သူ့သဘော
သူဆောင်တဲ့ သီလများနဲ့ဖွဲ့စည်းထားတဲ့ ဓမ္မဆိုရင်လည်း ရှေ့နောက်မညီတဲ့၊ ဆီလျော် စပ်ဟပ်မှုကင်းတဲ့ဓမ္မ
မည်ကာမတ္တကြီး ဖြစ်တော့မှာပေါ့။ သီလမှာရှိတဲ့ ဆောင်ရန်နဲ့ရှောင်ရန်ဟာသဘောအတူတူပါပဲ။လူတွေက 
 ရှောင်ရန်ကိုသတိထားကြပေမယ့် ဆောင်ရန်ကိုတော့အခြေနေပေးမှလ်ုချင်ကြတယ်။ဒါမမှန်ပါဘူး။မကောင်း
တာကိုရှောင်ခြင်းနဲ့ ကောင်းတာကိုဆောင်ခြင်းဟာ တန်းတူအရေး ကြီးပါတယ်။ ဒီနေ့ လူသားအများစုရဲ့
 ပြဿနာက မကောင်းတာကိုမရှောင်တဲ့ပြဿနာ မဟုတ်ဘူး။ ကောင်းတာကိုသိလျက်နဲ့ရှောင်ကြ တဲ့ပြဿ
နာ ဖြစ်တယ်။ ဒီကနေ့ကမ္ဘာကြီးအကျည်းတန်တာဟာ လူတွေမကောင်းမှုကျူးတာကြောင့် လို့ အဓိကပြော
ရမှာထက် ဘာလုပ် ရင်ကောင်းတယ်ဆိုတာကို သိလျက်နဲ့ မသိကျိုးကျွံပြုနေလို့ဖြစ်ကြောင်း ပြောရမှာဖြစ်
တယ်။   မိတ်ဆွေဘ၀မှာလည်း ကောင်းတာကိုလုပ် သင့်ကြောင်းသိလျက်နဲ့ မသိချင်ယောင်ဆောင်၊သူများ
ကိုလွဲချမှုပိုများလိမ့်မယ်။ နောက်ဆုံးအခက်ခဲကဘာဝနာဆိုရာမှာစိတ်နဲ့ဆိုင်တဲ့ ပြုစုပျိုးထောင်မှုကိစ္စ။ကံသုံး
ပါးမှာ မနောကံဟာ အဆိုးဆုံး၊ အခက်ဆုံးလို့ ဆိုတယ်ဗျ။ စိတ်တစ်ခုကိုထိန်းနိုင်ရင် အားလုံးပြေလည်သွား မှာဖြစ်ပေမယ့်အခက်ဆုံးကလဲဒါပဲ ဖြစ်နေတယ်။ တချိန်တော့ဖြစ်လာမယ် မျှော်ပြီး ကြိုးစားနေပေမယ့် ဒီလို
ကြိုးစားရင်းနဲ့ တောင်စွယ် နေကွယ်နေကြရတယ်။ စားဝတ်နေရေး၊ သားရေးသမီးရေး၊ရပ်ရေးရွာရေး၊အရေး
ပါင်းများစွာထဲမှာ ရုန်းကန်နေရတဲ့ လူတွေကထုနဲ့ ထေးမဟုတ်လား။ ပြီးတော့ သေခြင်းတရားကဒီနေ့လား?
 မနက်ဖြန်လား? မပြောနိုင်တဲ့ဘ၀။ ဒီနေ့ကမ္ဘာကြီးကပိုပြီးပူနွေးလာနေလို့ရာသီဥတုတွေပြောင်းပြန် ဖြစ်လာ
ရတယ်။ ကပ်ဘေးတွေတိုးလာတယ်။ စစ်မက်ရေးရာတွေ ပိုပြီးကြားလာရတယ်။ ကုန်ဈေးနှုန်းတွေပိုပြီး ကြီးလာ နေတယ်။ လူတွေရဲ့စာရိတ္တပိုပြီး ကျဆင်းလာနေတယ်။ ဒီလိုအခြေနေမှာ မိတ်ဆွေဘာလုပ်မလဲ! အပြည်ပြည်ဆိုင်ရာ ဓမ္မတရား ရုံးရဲ့ စီရင်ချက်အပြစ်က ဘယ်လိုရုန်းထွက်မလဲ!
Continue Reading | comments

အမှတ်တမဲ့မှ အမှတ်တရသို့ .....

Saturday, June 9, 2012


      အမှတ်တမဲ့နဲ့ အမှတ်တရဆိုတဲ့ စကားတွေက မိတ်ဆွေပြောဖူးမှာပါ။ ဒီစကားနှစ်လုံးမှာ အမှတ်တရဆို တာကို ကျွန်တော်တို့က ပိုပြီးစိတ်တွေ့တယ်။ လူတွေ သူများအပေါ်အမှတ်တမဲ့ရှိတတ်ပေမယ့် ကိုယ့် ကိုတော့အမှတ်တရသာ ဖြစ်စေချင်တယ် မဟုတ်လား။ အမှတ်တမဲ့နဲ့ အမှတ်တရ ဘာကွာသလဲ?အမှတ်တ
မဲ့ဆိုတဲ့အခါ ရည်ရွယ်ချက်မရှိဘူး။ပြီးတော့ခံစားချက်လည်းကင်းတယ်။ဆင်ခြင်ဥာဏ်လည်းမပါဘူး။ဒီတော့ 
အမှတ်တမဲ့ ပြောဆိုလုပ်ကိုင်မိတဲ့အခါတိုင်း ဘာကိုဘာ့ကြောင့်လုပ်ရတယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ လုပ်တာ မဟုတ်တော့ဘူး။ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းသဘော၊ မေတ္တာစေတနာသဘောတွေ လည်း မပါတော့ဘူး။ အကြောင်းနဲ့အကျိုးဆက်စပ်ပြီး တွေးခေါ်လုပ်ဆောင်မှုမျိုးလည်းမရှိဘူး။ဒါကြောင့်အမှတ်တမဲ့တွေဟာအနှုတ်
သဘောဖြစ်တယ်။အမှတ်တမဲ့ ဖြစ်ခံရသူမှာစိတ်အားငယ်ပြီးသိမ်ငယ်စရာတွေချည်းပါပဲ။ဒါပေမယ့်အမှတ်တရ
ကျတော့ ဒီလိုမဟုတ်ပြန်လေဘူး။
         အမှတ်တရလုပ်ကိုင်ပြောဆိုကြံစည်မှုတွေမှာရည်ရွယ်ချက်ပါတယ်။ပန်းတိုင်ရှိတယ်။ခံစားချက်လည်း
ပါတယ်။ ကောင်းတယ် ပြောပြော၊ဆိုးတယ်ပြောပြော စေတနာစိတ်သဘောယှဉ်တယ်။ဒါကြောင့်ကံမြောက်
တယ်လို့ ဆိုနိုင်တယ်။ ပြီးတော့ အမှတ်တရတွေ က ဆင်ခြင်ဥာဏ်နဲ့လုပ်တာတွေဖြစ်တယ်။အကြောင်းနဲ့အ
ကျိုးဆက်စပ်ပုံကို နားလည်ပြီး ကိုယ်မျှော်လင့်တဲ့အကျိုးကိုရချင်လို့ ဒီအကျိုး ကိုဖြစ်စေတဲ့အကြောင်းတရား
ကို အမှားအမှန် အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်မှုနဲ့ လုပ်ဆောင်တာဖြစ်တယ်။ ဒါကြောင့်မိတ်ဆွေလည်း အမှတ်တရပဲဖြစ်ချင်မယ်ဆိုတာ သိနေတယ်။ မိတ်ဆွေ သဘောတူပါရဲ့လား?
     စဉ်းစားဖို့က လောကကြီးထဲမှာမိတ်ဆွေရှိတယ်။ကျွန်တော်လည်းရှိတယ်။ကျွန်တော်တို့ဟာ လောကထဲ
မှာ အမှတ်တမဲ့တွေ လား?အမှတ်တရတွေလား?အမှတ်တမဲ့လို့အရင်ပြောကြည့်မယ်။အမှတ်တမဲ့ကျွန်တော့်
အတွက် လူ့ဘ၀မှာပန်းတိုင်ထားဖို့ မလိုဘူး။ လူ့ဘ၀အဓိပ္ပါယ်၊ အနှစ်သာရ၊ လူပီသ မှုတွေဟာရယ်စရာတွေ
 ဖြစ်ကုန်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေကလည်း လုပ်ချင်လုပ်၊ မလုပ် ချင်နေဆိုတဲ့သဘောရတယ်။
 စာရိတ္တဆိုတာလည်း မလိုတော့ဘူး။ ရိုးသားမှုတွေ၊ ကိုယ်ချင်းစာတရားေ တွ ၊ ပရဟိတသဘောတွေ ဒါနသီလဘာဝနာဆိုတာတွေ၊ မိဘကျေးဇူး၊ ဆရာ့ကျေးဇူးတွေ၊ လောက ပါလ တရားတွေအားလုံးအားလုံး သဲထဲရေသွန်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ဒါတွေအားလုံးကရည်ရွယ်ချက်နဲ့၊ခံစားချက်စေတနာနဲ့၊ ကြောင်းကျိုး
သိမှုတွေနဲ့လုပ်ရတာမျိုးကြောင့်ပါပဲ။ .................... 
     ဒါဆို အမှတ်တရ လို့ ပြင်ပြီးပြောကြည့်မယ်။ လူ့ဘ၀မှာ ရည်ရွယ်ချက်ကိုသိရတော့မှာပေါ့။ပန်းတိုင်ထား
ရတော့မှာပေါ့။လူ့ဘ၀ရဲ့အဓိပ္ပါယ်အနှစ်သာရတွေကိုရှာရတော့မှာပေါ့။ ကျေးဇူးတွေသိရတော့မှာပေါ့။အမှတ်
တမဲ့နေလို့မရတော့ဘူး။အဖြေရတာ၊မရတာအသာထားရှာရမယ့်တာဝန်ရှိလာပြီ။မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကို 
ကြည့် လိုက်ပါ။ ရေမြေတောတောင်သဘာဝတွေ၊ တိရိစ္ဆာန် တွေဟာ ရည်ရွယ်ချက်အသီသီးအတွက် ရှိနေ ကြတယ်။ လမင်းကြီးက ညမှာသာဖို့ပေါ့။ မြေကြီးကမြက်ပင်တွေအတွက်၊ မြက်တွေက တိရိစ္ဆာန်တွေအ တွက်၊ တိရိစ္ဆာန်က လူတွေအတွက်ရှိရတယ်ဆိုှမှားမလား။ ဒါဖြင့် လူက ဘာအတွက်များ ဖြစ်မလဲ?  ပြီးတော့ လူမှာ တိရိစ္ဆာန်ထက်သာတဲ့ သိစိတ်ရှိတယ်။ မှားမှန် ကောင်းဆိုး ခွဲတတ်တယ်။ ဘုရားတရား သိ တယ်။ ၀ဋ်ကိုကြောက်တတ်တယ်။ လူ့ခန္ဒာအစိတ်အပိုင်း တစ်ခုချင်းကလည်း သူ့တာဝန်နဲ့သူ။ သူ့ရည်ရွယ် ချက်နဲ့သူ။ ပိုပြီး ထူးဆန်းတာက စိတ်ဆိုတဲ့ လူရဲ့အာရုံကိုသိ တတ်တဲ့ သဘောပဲ။ ဒါဆို လူဟာ အမှတ်တရ အဖြစ် ပေါ်ထွန်းလာတယ်ဆိုတာကို လက်ခံပြီလား။ဒါဖြင့်ဘယ်လိုများအမှတ်ရဘ၀ကို ရောက်လာရပါလိမ့်။
 ကျွန်တော် ဘယ်လိုများလောကထဲဖြစ်တည်လာပါလိမ့်။ ပြီးခဲ့တဲ့အရင်ဘ၀က ဖြစ်စေခဲ့တယ်ဆိုရင် အဲ့ဒါကို
ဖြစ်စေ တဲ့ အရင်ဘ၀ကရော?အဲ့ဒါဖြစ်စေတဲ့ ရှေးရှေ့ဘ၀ကရော၊အဲဒါကို ဖြစ်စေတဲ့ရှေ့ရှေ့ရှေ့ဘ၀ကရော
..............?????????????????? 
တစ်နည်းအားဖြင့် သံသရာထဲက ကျွန်တော့ဘ၀ရဲ့ ကနဦးအမှတ်(၁)ဘ၀က ဘယ်လိုဖြစ်ခဲ့တာပါလိမ့်။
                                                                 
Continue Reading | comments

အိုဘယ့်မေတ္တာ ဘယ်မှာရှာ.....


          မေတ္တာအကြောင်းကိုနည်းနည်းစပ်စုကြည့်မိတာပါ။အချစ်နဲ့မေတ္တာမတူဘူးလို့ပညာရှိတွေကောက်
ချက်ချတယ်။ အချစ်ဆို တာပူလောင်တယ်။ ဥပမာ-လင်မယားအချစ်လိုမျိုးပေါ့။ ရယူတဲ့သဘောရှိတယ်။ ကိုယ့်အလိုကိုပဲဦးစားပေးတာမျိုးပေါ့။ ပြီး တော့အတ္တဆန်တယ်။ ကိုယ့်အတွက်ပဲ ကြည့်တတ်တယ်ပေါ့။ အချစ်က တစ်ထောင်ငါးရာကိလေသာနဲ့ ယှဉ်တယ်ဆိုတော့ အနှုတ်သဘောဆောင်တယ်ပေါ့။ လောကုတ္တ
ရာရှု့ထောင့်ကကြည့်ရင်တော့ အပါယ်နဲ့ဆိုင်တယ်တဲ့။ ဒါတော့ကြောက်စရာ ကြီးပေါ့ဗျာ။ ဒီနေ့ ကိုရီးယား ကားတွေကြည့်ရင် အချစ်ရောင်စုံကိုတွေ့နိုင်ပါတယ်။ ယောက္ခမနဲ့သမက်လည်း အချစ်ဇာတ် လမ်းရှိ တယ် ဗျ။ ယောက္ခထီးနဲ့ချွေးမကလည်း အချစ်စခန်းဖွင့်တယ်ဗျ။ ခဲအိုနဲ့ခယ်မကလည်း ချစ်ပန်းချီဆွဲတယ်။ သူငယ် ချင်း ဇနီးမောင်နှံနှစ်တွဲမှာလည်း အချစ်ခရော့ဇင်တွေ ရှိတယ်ဗျ။ မယားပါသားနဲ့ လင်ပါသမီးကလည်း အချစ်လမ်းဖောက်တယ်။ ၀မ်းကွဲမောင်နှမတွေကလည်း အချစ်လှေလှော်ကြတယ်။ ညီအစ်ကိုနှစ်ယောက် ကမိန်းကလေးတစ်ယောက်တည်းကိုအချစ် မြှားတွေပြိုင်ပစ်သလိုညီအစ်မနှစ်ယောက်ကလည်း ယောင်္ကျား
လေးတစ်ဦးတည်းကို အချစ်ငှက်တွေလွတ်သဗျ။ ဟုတ်တယ်။အချစ်ဆိုတာပူလောင်တယ်။ရလိုတယ်။အတ္တ
ကြီးတယ်။ ပြီးတော့ အလျားအနံလည်းရှိတယ်။ တံတားတွေ ခံနိုင်ဝန်ကျော်ရင်ကျိုးသလို အချစ်ကလည်း
ဘောင်ကျော်လာရင် ပေါက်ကွဲတတ်တယ်။ ပြီးတော့ အချစ်ကအကောင်းအဆိုးကိုလည်း စိစစ်သေးတယ်။
 ကောင်းတဲ့သူ၊ လှတဲ့သူကိုမှလချစ်ချင်တာ။ထိုက်တန်မှအချစ်ကို ပေးချင်တာ။ဒါကြောင့်ဒီနေ့လူပျိုကြီး၊အပျို
ကြီးဖြစ်နေသူတွေအများစုက အကောင်းအဆိုးကြည့်လွန်းလို့ ဖြစ်မှာပါ။ ပြီးတော့ လူ့အချစ်က အပေးအယူ
လည်းရှိပြန်တယ်။ ကိုယ့်အချစ်အတွက် ဘာပြန်ရမလဲ။ သူ့ဆီကဘာပြန်ပေး မလဲ ဆိုတာ မျှော်တတ်ပါသေး
တယ်။ ဘာမှမရနိုင်၊ ကျောက်ခဲရေညှစ်သလို  ဘာမှမထွက်နိုင်တဲ့သူဆီ ဘယ်သူကအချစ်တွေပေးချင်မလဲ။
 ဟုတ်တယ်နော်။ ဒီခေတ်က ဈေးကွက်စီးပွါးရေးစနစ်လေ။ ဒါကြောင့်များအချစ်တွေက ဈေးကွက်ဆန်ကုန်
သလားတော့မသိတော့ပါဘူး။ ဒါကြောင့် လူ့အချစ်ဟာ အလျားအနံရှိတယ်။ အကောင်းအဆိုးကြည့်တယ်။ အပေးအယူကြည့်တယ်။ သာဓုခေါ်စရာမရှိဘူး။ မတတ်သာလို့ ချစ်နေရတာ။ ဒါကြောင့် မချစ်သော်လည်း
အောင့်ကာနမ်းလို့ ဆိုကြတယ်မဟုတ်လား။ ဒီကနေ့ ကားသစ်ကားဟောင်းတွေ လဲလှယ်နေတယ်ဆို တော့ မိုဒယ်အသစ်တွေနဲ့လဲချင်တဲ့ဘယ်လောက်တောင်ရှိမလဲ?မသိပါဘူး။ဒါဖြင့် မေတ္တာဆိုတာကရောဘယ်လိုလဲ။
 မေတ္တဆိုတာအေးမြတယ်။ ပေးကမ်းတယ်။အတ္တမဆန်ဘဲစွန့်လွတ်တယ်။အလျားအနံမရှိဘူး။အသွားအပြန်
လည်းမကြည့် ဘူး။ အကောင်းအဆိုးကိုလည်း မစိစစ်ဘူး။ ဒီမေတ္တာကို အနီးစပ်ဆုံးမိဘမေတ္တာနဲ့ နှိုင်းကြ
တယ်။ မိဘရဲ့ သားသမီးအပေါ် ထားတဲ့မေတ္တကအချစ်ထက်သာလွန်တဲ့ အစစ်အမှန်လို့ ဆိုကြတယ်။ ဒါပေ
မယ့်ဗျာ။မိဘမေတ္တကတကယ်တမ်းတော့ ပြည့်စုံရဲ့လား?ကမ္ဘာမီးလောင်သားကောင်ချနင်း၊အမိသော်လည်း
သားတော်ခဲတယ်တဲ့။တကယ်တမ်းဒုက္ခရောက်လာတဲ့အခါသားသမီးကိုမကယ်နိုင်တော့ဘူး။သဗ္ပေသတ္တာ
ကမ္မသကာသဘောထားရတာဘဲမဟုတ်လား။ ဒီနေ့ သတင်းစာတွေ ကြည့်ရင်အမွေဖြတ်တဲ့မိဘတွေအများ
ကြီးပါ။ အချို့ဆိုငွေလိုချင်လို့ သားသမီးအရင်းကို နယ်စပ်ကျော်ပြီးသွားရောင်းလို့ အရေးယူတဲ့အမှုတွေရှိ
တယ်။ ဒီနေ့ လူမှန်ရင် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တမာနမကင်းတာမို့ ဒီလောကထဲမှာတကယ်ဘဲ စစ်မှီတဲ့မေတ္တာမျိုးရှာတွေ့မှာလားဆိုတာ သံသယဖြစ် စရာပေါ့။ ကြည့်လေ ဒီကမ္ဘာကြီးက သူ့ဝင်ရိုးပေါ်မှာ တစ်နာရီမိုတစ် ထောင်နှုန်းလောက်နဲ့လည်နေတယ်။ ပြီးတော့တစ်နာရီမိုင်ခြောက်သောင်းကျော်နှုန်းနဲ့ နေကို
ပတ်နေပြန်တယ်။ ဒီကမ္ဘာ ကြီးပေါ်မှာရှိတဲ့ လူတွေ ကလည်း လည်ပြီးပတ်နေရသူတွေဖြစ်တယ်။ ဒါကြောင့် လူတွေအားလုံးက လူလည်လူပတ်တွေချည်းပါ။ဒါကြောင့်ဆရာတော်ကြီးတစ်ပါးကလူအချင်းချင်းလှည့်ပတ်
ခြင်းကင်းရှင်းကြပါစေလို့စကားလက်ဆောင်ပေး တော်မူတယ်။  အချင်းချင်းလှည့်ပတ်နေကြတဲ့ လူတွေထဲ
မှာ မတ္တာစစ်မေတ္တာမှန်ကိုရှာလို့တွေ့မလား။ ဒီနေ့ လူတွေကို တွေ့ ပြီလားလို့မေးရင် မတွေ့သေးဘူးလို့ဖြေ
ကြမှာပါ။ အဲ့ဒီမေတ္တာက တစ်နေရာရာမှာ ပုံစံ တစ်မျိုးနဲ့ရှိနေမှာကို စိတ်ထဲကသိနေပေ မယ့် ဘယ်မှာရှာရမ
လဲ။ ဘယ်သူ့ဆီမှာရှိနေမလဲ။ စကြာဝဠာရဲ့ အပြင်တစ်နေရာမှာလား?လူ့လောကနယ်ပယ်ကလွန်မြောက်တဲ့
 နေရာမှာလား..........................?
Continue Reading | comments
 
Copyright © 2012. Meaning Of Life (OMPD) . All Rights Reserved