အမှတ်တမဲ့နဲ့
အမှတ်တရဆိုတဲ့ စကားတွေက မိတ်ဆွေပြောဖူးမှာပါ။ ဒီစကားနှစ်လုံးမှာ အမှတ်တရဆို တာကို ကျွန်တော်တို့က
ပိုပြီးစိတ်တွေ့တယ်။ လူတွေ သူများအပေါ်အမှတ်တမဲ့ရှိတတ်ပေမယ့် ကိုယ့် ကိုတော့အမှတ်တရသာ
ဖြစ်စေချင်တယ် မဟုတ်လား။ အမှတ်တမဲ့နဲ့ အမှတ်တရ ဘာကွာသလဲ?အမှတ်တ
မဲ့ဆိုတဲ့အခါ ရည်ရွယ်ချက်မရှိဘူး။ပြီးတော့ခံစားချက်လည်းကင်းတယ်။ဆင်ခြင်ဥာဏ်လည်းမပါဘူး။ဒီတော့
အမှတ်တမဲ့ ပြောဆိုလုပ်ကိုင်မိတဲ့အခါတိုင်း ဘာကိုဘာ့ကြောင့်လုပ်ရတယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ လုပ်တာ မဟုတ်တော့ဘူး။ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းသဘော၊ မေတ္တာစေတနာသဘောတွေ လည်း မပါတော့ဘူး။ အကြောင်းနဲ့အကျိုးဆက်စပ်ပြီး တွေးခေါ်လုပ်ဆောင်မှုမျိုးလည်းမရှိဘူး။ဒါကြောင့်အမှတ်တမဲ့တွေဟာအနှုတ်
သဘောဖြစ်တယ်။အမှတ်တမဲ့ ဖြစ်ခံရသူမှာစိတ်အားငယ်ပြီးသိမ်ငယ်စရာတွေချည်းပါပဲ။ဒါပေမယ့်အမှတ်တရ
ကျတော့ ဒီလိုမဟုတ်ပြန်လေဘူး။

အမှတ်တရလုပ်ကိုင်ပြောဆိုကြံစည်မှုတွေမှာရည်ရွယ်ချက်ပါတယ်။ပန်းတိုင်ရှိတယ်။ခံစားချက်လည်း
ပါတယ်။ ကောင်းတယ် ပြောပြော၊ဆိုးတယ်ပြောပြော စေတနာစိတ်သဘောယှဉ်တယ်။ဒါကြောင့်ကံမြောက်
တယ်လို့ ဆိုနိုင်တယ်။ ပြီးတော့ အမှတ်တရတွေ က ဆင်ခြင်ဥာဏ်နဲ့လုပ်တာတွေဖြစ်တယ်။အကြောင်းနဲ့အ
ကျိုးဆက်စပ်ပုံကို နားလည်ပြီး ကိုယ်မျှော်လင့်တဲ့အကျိုးကိုရချင်လို့ ဒီအကျိုး ကိုဖြစ်စေတဲ့အကြောင်းတရား
ကို အမှားအမှန် အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်မှုနဲ့ လုပ်ဆောင်တာဖြစ်တယ်။ ဒါကြောင့်မိတ်ဆွေလည်း အမှတ်တရပဲဖြစ်ချင်မယ်ဆိုတာ သိနေတယ်။ မိတ်ဆွေ သဘောတူပါရဲ့လား?

စဉ်းစားဖို့က လောကကြီးထဲမှာမိတ်ဆွေရှိတယ်။ကျွန်တော်လည်းရှိတယ်။ကျွန်တော်တို့ဟာ လောကထဲ
မှာ အမှတ်တမဲ့တွေ လား?အမှတ်တရတွေလား?အမှတ်တမဲ့လို့အရင်ပြောကြည့်မယ်။အမှတ်တမဲ့ကျွန်တော့်
အတွက် လူ့ဘ၀မှာပန်းတိုင်ထားဖို့ မလိုဘူး။ လူ့ဘ၀အဓိပ္ပါယ်၊ အနှစ်သာရ၊ လူပီသ မှုတွေဟာရယ်စရာတွေ
ဖြစ်ကုန်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေကလည်း လုပ်ချင်လုပ်၊ မလုပ် ချင်နေဆိုတဲ့သဘောရတယ်။
စာရိတ္တဆိုတာလည်း မလိုတော့ဘူး။ ရိုးသားမှုတွေ၊ ကိုယ်ချင်းစာတရားေ တွ ၊ ပရဟိတသဘောတွေ ဒါနသီလဘာဝနာဆိုတာတွေ၊ မိဘကျေးဇူး၊ ဆရာ့ကျေးဇူးတွေ၊ လောက ပါလ တရားတွေအားလုံးအားလုံး သဲထဲရေသွန်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ဒါတွေအားလုံးကရည်ရွယ်ချက်နဲ့၊ခံစားချက်စေတနာနဲ့၊ ကြောင်းကျိုး
သိမှုတွေနဲ့လုပ်ရတာမျိုးကြောင့်ပါပဲ။ ....................
ဒါဆို အမှတ်တရ လို့ ပြင်ပြီးပြောကြည့်မယ်။ လူ့ဘ၀မှာ ရည်ရွယ်ချက်ကိုသိရတော့မှာပေါ့။ပန်းတိုင်ထား
ရတော့မှာပေါ့။လူ့ဘ၀ရဲ့အဓိပ္ပါယ်အနှစ်သာရတွေကိုရှာရတော့မှာပေါ့။ ကျေးဇူးတွေသိရတော့မှာပေါ့။အမှတ်
တမဲ့နေလို့မရတော့ဘူး။အဖြေရတာ၊မရတာအသာထားရှာရမယ့်တာဝန်ရှိလာပြီ။မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကို
ကြည့် လိုက်ပါ။ ရေမြေတောတောင်သဘာဝတွေ၊ တိရိစ္ဆာန် တွေဟာ ရည်ရွယ်ချက်အသီသီးအတွက် ရှိနေ ကြတယ်။ လမင်းကြီးက ညမှာသာဖို့ပေါ့။ မြေကြီးကမြက်ပင်တွေအတွက်၊ မြက်တွေက တိရိစ္ဆာန်တွေအ တွက်၊ တိရိစ္ဆာန်က လူတွေအတွက်ရှိရတယ်ဆိုှမှားမလား။ ဒါဖြင့် လူက ဘာအတွက်များ ဖြစ်မလဲ? ပြီးတော့ လူမှာ တိရိစ္ဆာန်ထက်သာတဲ့ သိစိတ်ရှိတယ်။ မှားမှန် ကောင်းဆိုး ခွဲတတ်တယ်။ ဘုရားတရား သိ တယ်။ ၀ဋ်ကိုကြောက်တတ်တယ်။ လူ့ခန္ဒာအစိတ်အပိုင်း တစ်ခုချင်းကလည်း သူ့တာဝန်နဲ့သူ။ သူ့ရည်ရွယ် ချက်နဲ့သူ။ ပိုပြီး ထူးဆန်းတာက စိတ်ဆိုတဲ့ လူရဲ့အာရုံကိုသိ တတ်တဲ့ သဘောပဲ။ ဒါဆို လူဟာ အမှတ်တရ အဖြစ် ပေါ်ထွန်းလာတယ်ဆိုတာကို လက်ခံပြီလား။ဒါဖြင့်ဘယ်လိုများအမှတ်ရဘ၀ကို ရောက်လာရပါလိမ့်။
ကျွန်တော် ဘယ်လိုများလောကထဲဖြစ်တည်လာပါလိမ့်။ ပြီးခဲ့တဲ့အရင်ဘ၀က ဖြစ်စေခဲ့တယ်ဆိုရင် အဲ့ဒါကို
ဖြစ်စေ တဲ့ အရင်ဘ၀ကရော?အဲ့ဒါဖြစ်စေတဲ့ ရှေးရှေ့ဘ၀ကရော၊အဲဒါကို ဖြစ်စေတဲ့ရှေ့ရှေ့ရှေ့ဘ၀ကရော
..............??????????????????
တစ်နည်းအားဖြင့် သံသရာထဲက ကျွန်တော့ဘ၀ရဲ့ ကနဦးအမှတ်(၁)ဘ၀က ဘယ်လိုဖြစ်ခဲ့တာပါလိမ့်။

0 comments:
Post a Comment